#hi_EMMC
ဒီနေ့ပြောပြပေးမှာကတော့ hisilicon တွေကို network lock မကျအောင် ဘယ်လို emmc လဲမလဲ?? ဘယ်အခြေနေမှာ network lock မကျအောင်လဲလို့ရလဲ !?:-D :-D
ဟုတ်ကဲ့ဗျ အခြေနေနှစ်မျိုးမှာ hisilicon တွေကို network lock မကျအောင်လဲလို့ရပါတယ် hi တွေက emmc error ဖြစ်တဲ့အခါ power သေပြီးလာတာတော်တော်ရှားပါတယ် logo ရပ် ဒါမှမဟုတ် emergency data နဲ့လာတာများပါတယ်....
ကြုံတုန်း emergency data ဘာကြောင့်ဖြစ်ရလဲဆိုတာ နည်းနည်းရှင်းပြချင်ပါတယ်......အားလုံးသိကြတဲ့အတိုင်း emmc မှာ လေးပိုင်းရှိပါတယ် boot1,boot2,userarea,rpmb ပေါ့ အဲဒီတော့ userarea ထဲမှာ firmware နေပါတယ်..........emergency data ဘာကြောင့်တက်ရလဲဆိုတော့ user area ထဲမှာရှိတဲ့ userdata partition နေရာ ဒါမှမဟုတ် partition တစိတ်တပိုင်း....ပျက်နေလို့ပါ.....hi ရဲ့ network lock ကျစေတဲ့အကြောင်းထဲမှာ userdata မပါပါဘူးဒါကြောင့် userdata partition area ပျက်နေပေမယ့် ကျနော်တို့အတွက်အသုံးဝင်ပါတယ် ထပ်ပြီး network lock ကျတယ်ဆိုတာကိုနည်းနည်းလေးထပ်ရှင်းချင်ပါသေးတယ်......
Network lock ဘာကြောင့်ကြလဲဆိုတော့လွယ်လွယ်လေးပဲပြောရအောင်....ပုံမှန်သုံးနေတဲ့ အကောင်းအနေထားမှာ cpu က အနီရောင်လက်ခံတယ်ထားပါတော့ သူ့ emmc ကလည်းအနီရောင်ပေါ့ emmc လဲလိုက်တယ် board firmware ရေးလိုက်တယ်ဆိုရင် အရောင်ပြောင်းသွားတယ်ပေါ့ cpu သူလက်ခံတဲ့ အနီရောင် ကိုကျနော်တို့ပေးနိုင်ရင် network lock မကျဘူးပေါ့
အဓိကက network lock မကျတာက cpu နဲ့ emmc နဲ့ ချိတ်ဆက်တဲ့အပိုင်းမှာ သတ်မှတ်ထားတဲ့ database တန်ဖိုးလွဲသွားတာပါ...
အာ့တော့ ကျနော်တို့ emmc လဲမယ်ဆိုရင် emmc ကိုခွာမယ် ပီးရင် emmc ကို full backup ယူမယ် ပီးရင် လဲမယ့် emmc ကိုပြန်ရေးမယ် emergengy data အလုံးမျိုးဆိုရင် imei နဲ့ userdata တောင်မပျက်ပါဘူး ဒီမှာတခုရှိတာက logo ရပ်နေတဲ့ emmc တွေကို backup ယူတဲ့အချိန်မှာ တချို့ box တွေက မကောင်းဘူးပဲပြပါလိမ့်မယ်. .volt နဲ့ clock speed ကို menual ချိန်ပေးပါ.အားလုံး network lock ကြောင့် ခေါင်းကိုက်ခြင်းပြသနာကင်းကြပါစေ......♥
jueves, 16 de agosto de 2018
Suscribirse a:
Comentarios de la entrada (Atom)
Portal Search Member List Calendar Help Hello There, Guest! Login Register My Firmware Selling Board ...
-
Portal Search Member List Calendar Help Hello There, Guest! Login Register My Firmware Selling Board ...
-
Diagram ကို စပီးလေ့လာမယ့် ဘီဂင်နာများအတွက် စာလုံးအတိုကောက် အဓိပ္ပါယ်လေးတွေပါ.. သိသလောက် မျှဝေလိုက်ပါတယ်.. အမှားပါရင် ကျနော့် ဥာဏ်ရည်က ဆရာတ...
-
Apple ID Account ပြုလုပ်ပြီး App Store အကောင့် ဆက်လက်ရယူနိုင်ရန်အတွက် လိုအပ်သော နိုင်ငံအလိုက် Country Address&Zip Codes များ 🇸🇦🇭...





No hay comentarios.:
Publicar un comentario