Mi များကို EMMC လဲရာတွင် သိထားသင့်သည့် အချက်များ။
ကျွန်တော်တို့တစ်တွေ Mi များကို EMMC လဲရမည့်အခြေအနေမျိုးမှာ အရင်လို ခြေထောက်ပင် BGA တူတာနဲ့ အသုံးပြု လဲလှယ်ဘို့ဆိုတာ အဆင်မပြေတော့ပါဘူး။
ဘာဖြစ်လို့လဲဆိုတော့ LPDDR လို့ခေါ်တဲ့ RAM ပိုင်းကြောင့်ပါ။
Mi တွေကို လေ့လာကြည့်တဲ့အခါမှာ များသောအားဖြင့် EMMC နှစ်မျိုးကို အသုံးပြုထားတာ တွေ့ကြရမှာဖြစ်ပါတယ်။အဲ့တာတွေကတော့ BGA 169 လို့ခေါ်တဲ့ လေးထောင့်ပုံ နဲ့ BGA 221 လို့ခေါ်တဲ့ အိုင်ပုံစံ တို့ပဲဖြစ်ပါတယ်။
နောက်ပီး CPU ကို အသုံးပြုတဲ့နေရာမှာလဲ ပုံစံနှစ်မျိုးကိုအသုံးပြုထားတာ တွေ့ကြရမှာဖြစ်ပါတယ်။အဲ့တာတွေကတော့ RAM ပိုင်းကို CPU ရဲ့ အပေါ်မှာထားတဲ့ နှစ်ထပ် CPU ပုံစံနဲ့ RAM ပိုင်းကို EMMC ထဲမှာ
ပေါင်းထားတဲ့ တစ်ထပ်ထဲ CPU ပုံစံတို့ဖြစ်ပါတယ်။
RAM ကို CPU အပေါ်မှာ ထားတဲ့ နှစ်ထပ်CPU အမျိုးအစားတွေမှာ BGA 169 လို့ခေါ်တဲ့ လေးထောင့်ပုံ EMMC ကို အသုံးပြုပီးတော့ ၊တစ်ထပ်ထဲ CPU တွေမှာတော့ BGA 221 လို့ခေါ်တဲ့ အိုင်ပုံစံ EMMC တွေကို အသုံးပြု များကြပါတယ်။
ကျွန်တော်တို့တစ်တွေ EMMC လဲကြတဲ့အခါမှာ RAM ကို CPU အပေါ်မှာထားတဲ့ နှစ်ထပ် CPU တွေမှာ အသုံးပြုတဲ့ BGA 169 တွေမှာ ပြသနာ မရှိလှပါဘူး။
ဘာလို့လဲဆိုတော့ RAM ပိုင်းကို သီးခြားအနေနဲ့ခွဲထုတ်ထားပေးပီး CPU ရဲ့အပေါ်မှာ ထားပေးထားတာကြောင့်ပါ။ အဲ့အတွက် EMMC လို့ခေါ်တဲ့ ROM ထဲမှာ RAM 1 ပဲပါတာဖြစ်တဲ့အတွက် တော်တော်များများသော BGA 169 တွေနဲ့ အဆင်ပြေတာများပါတယ်။
ကျွန်တော်ကတော့ နှစ်ထပ် CPU တွေ EMMC လဲဘို့အတွက် SAMSUNG အသေတွေ ဝယ်ထားလိုက်တာပဲ။ EMMC လဲတဲ့အခါမှာ USER AREA လို့ခေါ်တဲ့
ROM SIZE အလွယ်ခေါ်တဲ့ ဘယ်လောက်ဂစ်ပေါ့ဗျာ ။အဲ့တာက အရေးမကြီးပါဘူး သူ့ဟာသူ ဘယ်လောက် ဂစ်နဲ့ လာလာ ကိုယ့်မှာ ရှိတဲ့ size ဂစ်ကို ထည့်ပေးလို့ရပါတယ်။ဈေးညှိလို့အဆင်ပြေတဲ့ ဂစ်ပေါ့။ဒါပေမယ့် OS ဆန့်လောက်တဲ့ပမာဏ တော့ဖြစ်ရမှာပေါ့လေ။အလွတ်တွေလဲ ဝယ်လို့ရပါတယ် BGA 169 က ဈေးလဲ သက်သာပါတယ်။မှားစရာလဲ မရှိပါဘူး ဘာလို့လဲဆိုတော့ တော်တော်များများ အလွတ် ဝယ်လို့ ရတဲ့ 169 တွေက် ram 1 ပဲ ပါတာများပါတယ်။
အဲ့တာက ဘယ် model တွေလဲဆိုတော့ Redmi note3 pro တို့ mi max တို့ redmi note 4 တို့ပေါ့။
နောက်ထပ် တစ်မျိုးကတော့ လုံးဝကိုအမှားအယွင်းမခံတဲ့ BGA 221 လို့ခေါ်တဲ့ အိုင်ပုံစံ EMMC ဖြစ်ပါတယ်။ဘာလို့အမှားအယွင်း မခံရတာလဲဆိုတော့ စီပီယူ က တစ်ထပ်ထဲဆိုတော့ LPDDR လို့ခေါ်တဲ့ RAM ပိုင်းကို EMMC ထဲမှာ သွားပေါင်းထားလို့ဖြစ်ပါတယ်။အဲ့ဒီမှာ ပြသနာက စတာပါပဲ။ RAM ဘယ်လောက်လဲဆိုတာ ဘယ်လို သိကြမှာလဲ။ XIAOMI ကလဲအရှုပ်သား model တစ်မျိုးထဲမှာတောင် အသုံးပြုတဲ့ ROM ကွာသွားတာနဲ့ RAM ကလဲ ကွာသွားရော (ဥပမာ RAM 2 16gb,RAM3 64 gb )အဲ့လိုတွေဆိုတော့ လဲရမယ့်သူတွေအတွက် အခက်တွေ့တော့တာပေါ့။
အသစ်ကလဲ ဝယ်လို့လို့မရ ။ဘာလို့လဲဆိုတော့ ဈေးကွက်ထဲ ဝယ်လို့ရနေတဲ့ BGA 221 တွေက အထဲမှာ RAM 1gb ပဲပါတော့ ဘယ်လိုမ အဆင်မပြေဘူးလေ။MI တွေမှာပါတဲ့ BGA 221 တွေက mi4a ကစအနဲဆုံး RAM2 ဆိုတော့ လဲဘို့က ram မတူတော့ဘယ်လိုမ မအောင်နိုင်ဘူး။အခုနောက်ပိုင်းဆို ပိုဆိုးတယ် EMMC ထဲမှာ RAM 3 ,RAM 4 တောင်ပါလာပီ။အဲ့ဒီတော့ ကျွန်တော်တို့က အဲ့ဒီ RAM ,ROM,ဖုန်းရဲ့ model ကိုEMMC မလဲခင်အတိအကျ သိဘို့ လိုအပ်လာပါတယ်။ဘာလို့လဲဆိုတော့ RAM,ROM သိပေမယ့် Emmc လဲပီး firmware ရေးဘို့က Model သိမ ရမှာကိုး။အဲ့တော့ ဖုန်းမှာပါတဲ့ imei လေးရှိယုံနဲ့အဲ့တာတွေကို အလွယ်တကူသိနိုင်တဲ့ site လေးကို ထည့်ပေးထားပါတယ်။တစ်ချို့ဖုန်းတွေမှာ back cover မှာပါ ပါတယ်။တစ်ချို့ဖုန်းတွေမှာ စတစ်ကာလေးနဲ့ အထဲမှာပါတတ်ပါတယ်။သက်ဆိုင်ရာ site ကိုလဲ credit ပေးပါတယ်။
https://www.mi.com/verify/#imei_en
အပေါ်ကအကွက်မှာ imei ကို ထည့်ပါ။အောက်ကအကွက်မှာ သူပေးထားတဲ့စာကို မှန်အောင်ထည့်ပေးပါ။
ပီးရင် verify ကိုနှိပ်ပါ။အဲ့ဒီမှာ ရှေ့ က တရုတ်စာနဲ့ MODEL,ROM,RAM ပေါ်လာပါလိမ့်မယ်။တရုတ်စာ နားမလည်သူများ Traslate apk ကိုသုံးပီးကြည့်နိုင်ပါတယ်။တရုတ်စာကလဲ MI,REDMI နှစ်ခုထဲပါပဲ။
အဲ့တာဆိုရင် ကျွန်တော်တို့ လဲရမယ့် EMMC ရဲ့ RAM SIZE ကိုသိရပီပေါ့။BGA221တွေကိုလဲမယ်ဆိုရင်တော့ အဓိက ကတော့RAMတူဘို့အရေးကြီးပါတယ်။RAMမတူရင် 900E တို့ 9006တို့9008တို့ ဝင်မယ် ပီးရင်အရေးခံပီးလိုဂိုရပ်တာတို့ အရေးမခံတာတို့ အရေးခံပီး 9008 က မထွက်တာ 900E ဝင်တာတို့အများကြီးဖြစ်ပါတယ်။
အဲ့တော့ bga221ကိုလဲတော့မယ်ဆိုရင် ဝယ်လို့လဲမရတော့ ဘယ်Model က ram ဘယ်လောက် rom ဘယ်လောက်ဆိုတာ သိဘို့အရမ်းအရေးကြီးပါတယ် အဲ့တာမ လိုအပ်လာရင်အစားထိုးဘို့ အလွယ်တကူရှာနိုင်တာပေါ့ဗျာ။
နောက်ပီး EMMC နေရာမှာအသုံးပြုလာတဲ့ UFS တို့ UFS ကို ဘယ်လိုခွဲရတာတို့ UFS လဲရင် ဘယ်လို လဲရတာတို့ ။ တစ်ချို့ bootloader lock ကြောင့် EMMC တစ်မျိုးထဲ လဲရင် logo ရပ်တာတို့ ၊တစ်ချို့EMMC ,CPU စုံလိုက်ဘာ့ကြောင့်ချိန်းရတာတို့
ပေးချင်တဲ့အခြေခံအကြောင်းအရာတွေကတော့အများကြီးပါပဲ။
အဲ့ဒီတော့ MI တွေရဲ့ HARDWARE ပိုင်းတွေက အခုပြောခဲ့တဲ့အပိုင်းတွေအပေါ်မှာ အဓိက အခြေခံထားပါတယ်။ကျွန်တော် သင်တဲ့ MI ADVANCE ဆိုတာကတော့ အဲ့ဒီအကြောင်းတွေနဲ့ အိုင်စီ တည်ဆောက်ပုံ ပတ်လမ်းတည်ဆောက်ပုံတွေကို မော်ဒယ် တစ်ခုချင်းအလိုက် အသေးစိတ် ရှင်းပြ လုပ်ပြ ပေးတာပါပဲဗျာ။
ရှေ့ ဆက်ပီး အခြေခံအချက်လေးတွေလဲ ရှင်းလင်းပေးပါဦးမယ်.........မကြာမှီ.....မျှော်....
ဆားဗစ်သမားအားလုံး အောက်ခြေ ခိုင်လို့ အထပ်ထပ် အမြင့် တင်နိုင်ကြပါစေ။
Crd toကိုမျိုး(မီတူး)